ဖောက်သည်သစ်ရှာရတာထက် ရှိပြီးသားဖောက်သည် ပြန်လာအောင် ဆွဲဆောင်ရတာက ကုန်ကျစရိတ် ၅ ဆ ပိုသက်သာ။ MyanMenu CRM က သင့်ဖောက်သည်တွေရဲ့ အကြိုက်ကို မှတ်သားပေးပြီး သစ္စာရှိမှုကို ဆုချပေးမယ်။
သင့်ဆိုင်ကို လာစားတဲ့သူတွေက ဘယ်သူတွေလဲဆိုတာ အတိအကျ သိရှိပါ။ ဝန်ထမ်းမှတ်စရာမလို၊ QR တစ်ချက်နဲ့ အလိုအလျောက် မှတ်သား။
Customer တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ပိုက်ဆံပိုသုံးလာအောင် ဂိမ်းတစ်ခုလို ဖန်တီးပါ။
စုထားတဲ့ ပွိုင့်တွေကို Discount ယူတာပဲဖြစ်ဖြစ်၊ အခမဲ့ဟင်းပွဲနဲ့ လဲလှယ်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်။ Customer တွေ နောက်တစ်ခါ ထပ်လာဖို့ အကြောင်းပြချက် ရှိသွားစေတယ်။
လူတိုင်းကို Discount တူတူပေးမယ့်အစား သင့်ဆိုင်အတွက် တကယ်အကျိုးပြုတဲ့သူတွေကို ဦးစားပေးပါ။
အဖွဲ့ဝင်ကတ် (Membership) စနစ်ကို ကတ်အပိုဆောင်စရာမလိုဘဲ ဖုန်းနံပါတ်နဲ့တင် စနစ်တကျ အုပ်စုခွဲထားနိုင်။
Customer တွေ Table QR ကနေ မှာယူတဲ့အခါ သူတို့ရဲ့ အချက်အလက်တွေကို အလွယ်တကူ ဖြည့်သွင်းနိုင်။ ဝန်ထမ်းတွေက စာအုပ်နဲ့ လိုက်မှတ်နေစရာ မလိုတော့ပါ။
ဖုန်းနံပါတ်တစ်ခုတည်းနဲ့ ဖောက်သည်မှတ်တမ်းအသစ် အလိုအလျောက်ဖန်တီး
စုဆောင်းရရှိလာတဲ့ ဒေတာတွေကို Marketing Campaign တွေမှာ ပြန်လည်အသုံးပြုပြီး ရောင်းအားမြှင့်တင်နိုင်။
MyanMenu နဲ့ဆိုရင် သင့်ဆိုင်ကို လာစားသူတိုင်းဟာ သူစိမ်းမဟုတ်တော့ပါဘူး။
Customer တစ်ယောက် ပထမဆုံးလာစားချိန်မှစပြီး VIP ဖြစ်သည်အထိ အဆင့်ဆင့် စနစ်တကျ စီမံဆောင်ရွက်ပေး။
MyanMenu CRM ဖြင့် ယနေ့ပင် စတင်အသုံးပြုလိုက်ပါ။
Anytime Money Back Guarantee
ရှုံးစရာမရှိသော ရင်းနှီးမြှုပ်နှံမှု
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို စိတ်တိုင်းမကျပါက မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းပြချက်မှ ပေးစရာမလိုဘဲ ငွေပြန်အမ်းပေးပါမည်။ MyanMenu ကို ရွေးချယ်ခြင်းသည် သင့်လုပ်ငန်းအတွက် စွန့်စားရမှု (Risk) လုံးဝမရှိစေရဟု ကျွန်ုပ်တို့ အာမခံပါသည်။
Promo Event within 1 Min
ရောင်းအားတက်ဖို့ လက်ဖျောက်တစ်ချက်ပဲ လိုသည်
စားသုံးသူတွေ နှစ်သက်မယ့် Discount များ၊ Buy 1 Get 1 နှင့် Combo Set ပရိုမိုးရှင်းများကို MyanMenu စနစ်ထဲတွင် ၁ မိနစ်အတွင်း အလွယ်တကူ ဖန်တီးနိုင်ပါသည်။ အခွင့်အရေးကို လက်မလွှတ်ဘဲ သင့်ဆိုင်၏ ရောင်းအားကို အချိန်နှင့်တပြေးညီ မြှင့်တင်လိုက်ပါ။
Local Support
သင်ခေါ်လိုက်တိုင်း အမြဲရှိနေမည့် အဖော်
နည်းပညာအခက်အခဲ ကြုံလာပါက စိုးရိမ်စရာမလိုပါ။ ရန်ကုန်မြို့လယ်တွင် အခြေစိုက်ပြီး မြန်မာဘာသာဖြင့် အနီးကပ် ကူညီဖြေရှင်းပေးမည့် Support Team ရှိပါသည်။ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အမြဲအသင့်ရှိနေမှာပါ။
Contact Us
သင့်ဆိုင်၏ အမြတ်ကို မြှင့်တင်ရန် အဆင်သင့်ဖြစ်ပြီလား? ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများမှ သင့်ဆိုင်အထိ လာရောက်ပြီး စနစ်ကို အခမဲ့ လက်တွေ့ပြသပေးပါမည်။
📅 Demo ရက်ချိန်းယူရန် ဤနေရာကိုနှိပ်ပါ