MyanMenu စနစ်ကို စတင်တပ်ဆင်ချိန်မှစ၍ ရေရှည်အသုံးပြုသည့်တိုင်အောင် လိုအပ်သည့် နည်းပညာနှင့် လုပ်ငန်းဆိုင်ရာ အကူအညီမှန်သမျှကို ကျွန်ုပ်တို့အဖွဲ့သားများက တာဝန်ယူဆောင်ရွက်ပေးပါသည်။
Tablet၊ Printer နှင့် Cashier စက်များကို အချင်းချင်း ချိတ်ဆက်ပေးပြီး အဆင်သင့် အသုံးပြုနိုင်အောင် စနစ်တကျ Setup လုပ်ပေးပါသည်။
ဆိုင်၏ ဖွဲ့စည်းပုံအရ မည်သည့် Hardware အမျိုးအစား သုံးသင့်သလဲ၊ မီးဖိုချောင်နှင့် ဝိတ်တာ မည်သို့ချိတ်ဆက်လျှင် ပိုမြန်မလဲ ဆိုသည့် IT နှင့် စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ အကြံပေးမှု (Consultation) များကို အခမဲ့ ဆောင်ရွက်ပေးပါသည်။
မီနူးအများအပြားကို ကိုယ်တိုင်မထည့်သွင်းချင်ပါက စိတ်ပူစရာမလိုဘဲ ကျွန်ုပ်တို့ထံ အပ်နှံနိုင်ပါသည်။
ရုံးချိန်အတွင်း ဖုန်း (သို့မဟုတ်) Online မှတစ်ဆင့် နည်းပညာဆိုင်ရာ အခက်အခဲမှန်သမျှကို ချက်ချင်းဖြေရှင်းပေးပါသည်။
ဆိုင်အထိ လာစရာမလိုဘဲ Online မှတစ်ဆင့် သင့်စနစ်ကို ဝင်ရောက်စစ်ဆေး ပြုပြင်ပေးနိုင်သဖြင့် အချိန်ကုန်သက်သာစေပါသည်။
MyanMenu မှ စနစ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နိုင်ရန် အပြည့်အဝ တာဝန်ယူပါသည်။
အသုံးပြုစဉ်အတွင်း ကြုံတွေ့ရသည့် အခက်အခဲများနှင့် သိလိုသည်များကို စိတ်ရှည်စွာ ဖြေကြားပေးပါသည်။
စံနှုန်းသတ်မှတ်ချက်ပြင်ပရှိ အထူးလိုအပ်ချက်များ (Out of scope / Custom request) များအတွက်မူ Additional/Professional Fee ဖြင့် Quote (စျေးနှုန်းတင်ပြလွှာ) စီစဉ်ကာ ဝန်ဆောင်မှု ပေးအပ်ပါသည်။
ဖုန်း/အီးမေး/Chat
Support Team မှ စစ်ဆေး
Remote/On-site ပြုပြင်
ပြဿနာပြေလည်ကြောင်း အတည်ပြု
ဟုတ်ကဲ့၊ ဖုန်းဖြင့် လမ်းညွှန်ပေးခြင်း (သို့) ဆိုင်အထိလာရောက်ခြင်းများ ဆောင်ရွက်ပေးပါသည်။
ဟင်းပွဲအရေအတွက်ပေါ်မူတည်၍ ၁-၃ ရက်အတွင်း ပြီးစီးပါသည်။
ရုံးပိတ်ရက်များတွင် အရေးပေါ်ကိစ္စများအတွက် ဖုန်းဖြင့် ဆက်သွယ်နိုင်ပါသည်။
support@myanmenu.com သို့ အသေးစိတ်ရေးသားပေးပို့နိုင်ပါသည်။
သင့်ဆိုင်ရဲ့ IT Crew အဖြစ် အချိန်ပြည့် တာဝန်ယူပေးမည့် Support Team
Anytime Money Back Guarantee
ရှုံးစရာမရှိသော ရင်းနှီးမြှုပ်နှံမှု
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို စိတ်တိုင်းမကျပါက မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းပြချက်မှ ပေးစရာမလိုဘဲ ငွေပြန်အမ်းပေးပါမည်။ MyanMenu ကို ရွေးချယ်ခြင်းသည် သင့်လုပ်ငန်းအတွက် စွန့်စားရမှု (Risk) လုံးဝမရှိစေရဟု ကျွန်ုပ်တို့ အာမခံပါသည်။
Promo Event within 1 Min
ရောင်းအားတက်ဖို့ လက်ဖျောက်တစ်ချက်ပဲ လိုသည်
စားသုံးသူတွေ နှစ်သက်မယ့် Discount များ၊ Buy 1 Get 1 နှင့် Combo Set ပရိုမိုးရှင်းများကို MyanMenu စနစ်ထဲတွင် ၁ မိနစ်အတွင်း အလွယ်တကူ ဖန်တီးနိုင်ပါသည်။ အခွင့်အရေးကို လက်မလွှတ်ဘဲ သင့်ဆိုင်၏ ရောင်းအားကို အချိန်နှင့်တပြေးညီ မြှင့်တင်လိုက်ပါ။
Local Support
သင်ခေါ်လိုက်တိုင်း အမြဲရှိနေမည့် အဖော်
နည်းပညာအခက်အခဲ ကြုံလာပါက စိုးရိမ်စရာမလိုပါ။ ရန်ကုန်မြို့လယ်တွင် အခြေစိုက်ပြီး မြန်မာဘာသာဖြင့် အနီးကပ် ကူညီဖြေရှင်းပေးမည့် Support Team ရှိပါသည်။ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အမြဲအသင့်ရှိနေမှာပါ။
Contact Us
သင့်ဆိုင်၏ အမြတ်ကို မြှင့်တင်ရန် အဆင်သင့်ဖြစ်ပြီလား? ကျွန်ုပ်တို့၏ ကျွမ်းကျင်သူများမှ သင့်ဆိုင်အထိ လာရောက်ပြီး စနစ်ကို အခမဲ့ လက်တွေ့ပြသပေးပါမည်။
📅 Demo ရက်ချိန်းယူရန် ဤနေရာကိုနှိပ်ပါ