MyanMenu

အရောင်းသီးသန့် (RMS 150)

မိုဘိုင်း/ဈေးကားဆိုင်၊ ကောင်တာငွေရှင်းစားသောက်ဆိုင်၊ နှင့် အရောင်းအတွက်သာလိုအပ်သည့် စားသောက်ဆိုင်များအတွက် ယုံကြည်စိတ်ချရတဲ့ စနစ်ပါ။ အသုံးပြုနေစဉ် Customer Service ရှိပါမည်။

  • ငွေကိုင်စက် Online အလုပ်လုပ်မည်။
  • ပိုင်ရှင်အကောင့် Online အလုပ်လုပ်မည်။
အဓိကလုပ်ဆောင်ချက်များ
  • (၁) တိုက်ရိုက်ငွေချေအရောင်း
  • (၂) ငွေလက်ခံဖြတ်ပိုင်း
  • (၃) တစ်နေ့တာအရောင်းအကျဉ်းချုပ်
  • (၄) အွန်လိုင်းအရောင်းကြည့်ရှု
  • (၅) အရောင်းအသေးစိတ် အစီရင်ခံစာ
ပါဝင်မှုများ
  • ဆွေးနွေးအကြံပြု(အခမဲ့)
  • တပ်ဆင်ပေးမှုအကူအညီ(လိုအပ်လျှင်)
  • သင်တန်းပေး(လိုအပ်လျှင်)
  • အချိန်မရွေးငွေပြန်အမ်းအာမခံ(လိုအပ်လျှင်)
  • Customer Service (ပါဝင်)
စျေးနှုန်း

ဒစ်စကောင့်မပါ 120,000 ကျပ်
ဒစ်စကောင့်ပါပြီး 90,000 ကျပ်

တရက်ကျသင့် 250 ကျပ်

3 နှစ်စာချုပ်အတွက် ဒစ်စကောင့် ၃ ကြိမ်ရယူနိုင်ပါသည်။

အရောင်းနှင့်အော်ဒါ (Hybrid RMS 200)

ဆိုင်ထိုင်၊ ပါဆယ်၊ ပို့ဆောင်၊ သုံးဆောင်ပြီးမှ ငွေရှင်း၊ နှင့် ငွေကိုင်မီးဖိုဆောင်ချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်သော စားသောက်ဆိုင်များအတွက် ရွေးချယ်စရာပါ။ အသုံးပြုနေစဉ် Customer Service ရှိပါမည်။

  • ငွေကိုင်အကောင့် (Online/Offline)
  • ပိုင်ရှင်အကောင့် (Online)
  • မီးဖိုဆောင် (KOT)
အဓိကလုပ်ဆောင်ချက်များ
  • (၁) ဆိုင်ထိုင်၊ ပါဆယ်၊ ပို့ဆောင်၊ တိုက်ရိုက်ငွေချေ
  • (၂) မီးဖိုဆောင်အော်ဒါလက်မှတ်၊ ငွေတောင်းစာ၊ ငွေလက်ခံဖြတ်ပိုင်း
  • (၃) တစ်နေ့တာအရောင်းအကျဉ်းချုပ်
  • (၄) အွန်လိုင်းအရောင်းကြည့်ရှု
  • (၅) အရောင်းအသေးစိတ် အစီရင်ခံစာ
ပါဝင်မှုများ
  • ဆွေးနွေးအကြံပြု(အခမဲ့)
  • တပ်ဆင်ပေးမှုအကူအညီ(လိုအပ်လျှင်)
  • သင်တန်းပေး(လိုအပ်လျှင်)
  • အချိန်မရွေးငွေပြန်အမ်းအာမခံ(လိုအပ်လျှင်)
  • Customer Service (ပါဝင်)
စျေးနှုန်း

ဒစ်စကောင့်မပါ 150,000 ကျပ်
ဒစ်စကောင့်ပါပြီး 110,000 ကျပ်

တရက်ကျသင့် 300 ကျပ်

3 နှစ်စာချုပ်အတွက် ဒစ်စကောင့် ၃ ကြိမ်ရယူနိုင်ပါသည်။

ထပ်တိုးမော်ကျူးများ

စားဖွယ်ဖော်မြူလာ

ကုန်ကြမ်းအလေအလွင့်ကို စီမံဖို့အတွက် ဖြစ်ပါသည်။ စားဖွယ်တစ်ခုချင်း၏ ပါဝင်အမယ်များကို တစ်ကြိမ်ထည့်သွင်းပေးရမည်။

စားဖွယ်ကုန်ကျစရိတ်(food cost) နှင့် ပါဝင်အမယ်သုံးစွဲမှုကို စနစ်မှ တွက်ချက်ပေးပါသည်။ စတိုတွင် လက်ကျန်နည်း၍ ဝယ်ယူရန်လိုအပ်ပြီဆိုရင် အချက်ပေးတွင် အလိုအလျှောက် ပြသပေးပါသည်။

ဝိတ်တာတက်ပလက်

ဆိုင်အရောင်းမြှင့်တင်ဖို့ နှင့် လုပ်ဆောင်ချက်များ လွယ်ကူချောမွေ့ဖို့ဖြစ်ပါသည်။ မီးဖိုဆောင် နှင့် ငွေကိုင်အကြားတွင် အလုပ်လုပ်ပါသည်။ ဧည့်သည်များ၏ အော်ဒါများကို လက်ခံဆောင်ရွက်ပါသည်။

ဝိတ်တာတက်ပလက်သုံးခြင်းဖြင့် ဧည့်ခံသူများအကြား အရောင်းမြှင့်တင်ပြိုင်ပွဲများ ပြုလုပ်နိုင်ပါသည်။

မီးဖိုဆောင်ဒစ်စပလေးထပ်တိုး

ဝိတ်တာတက်ပလက်၊ ငွေကိုင်စက်၊ နှင့် မီးဖိုဆောင်ဒစ်စပလေး/ မီးဖိုဆောင်ပရင်တာ စသည်တို့နှင့် ချိတ်ဆက်အလုပ်လုပ်ပါသည်။

ဆိုင်အတွင်း လုပ်ဆောင်ချက်များကို လွယ်ကူ၊ လျှင်မြန်၊ စနစ်ကျ စေပါသည်။

လစာစီမံမော်ကျူး

အချိန်ပိုင်းဝန်ထမ်းများအတွက် "လုပ်ခ"၊ အချိန်ပြည့်ဝန်ထမ်းများအတွက် "လစာ" ၎င်းတို့ကို တွက်ချက်ပေးပါသည်။

ငွေကြိုထုတ်ပေးခြင်း၊ ဘေနပ်ပေးခြင်း၊ ပြစ်ဒဏ်ပေးခြင်းများကို စီမံနိုင်ပါမည်။

ပရိုမိုးရှင်းမော်ကျူး

ဧည့်သည်များကိုဆွဲဆောင်မှု နှင့် အရောင်းတိုးစေရန်အတွက် ဖြစ်ပါသည်။

မိသားစုဆက်၊ စုံတွဲဆက်၊ တစ်ခုဝယ်တစ်ခုလက်ဆောင် စသည့် အမျိုးမျိုးသော ပရိုမိုးရှင်းများကို အချိန်နာရီအတိအကျသတ်မှတ်၍ ပြုလုပ်နိုင်ပါမည်။

ကုန်ကျစရိတ်စီမံမော်ကျူး

ဆိုင်၏ အလုံးစုံသောကုန်ကျစရိတ်များကို ငွေပေးဖြတ်ပိုင်းများနှင့်တကွ စနစ်တကျထည့်သွင်း စီမံနိုင်ပါသည်။

စာရင်းအင်း၏ နောက်ဆုံးဖြစ်သော အရှုံးအမြတ်အစီရင်ခံစာများကို တပတ်ချင်း၊ တလချင်း ကာလအမျိုးမျိုးသတ်မှတ် ထုတ်ယူနိုင်ပါမည်။

ထုတ်လုပ်စီမံမော်ကျူး

အလှူမင်္ဂလာအော်ဒါများ၊ အသင့်စားအထုပ်များ၊ နှင့် စားဖွယ်ထုတ်လုပ်မှုများအတွက် အထူးမော်ကျူးဖြစ်ပါသည်။

အမျိုးမျိုးသော ထုတ်လုပ်မှုများကို စီမံနိုင်ပါသည်။ ဥပမာ မုန့်ဟင်းခါးပွဲ ၁၀၀ ချက်စာ၊ ပောာ့ပေါ့ ၁၀ ယောက်စာ၊ အချဉ်ရည် ၅ လီတာ စသည်တို့ကို ပြုလုပ်နိုင်ပါသည်။

အသုံးပြုမှုများကို စတိုမှ အလိုအလျှောက် တွက်ချက်ပေးပါမည်။

တီဗီစလိုက်ရှိုးမော်ကျူး

ဆိုင်ရှေ့ ဖြတ်သွားဖြတ်လား၊ နှင့် ဆိုင်ထိုင်ဧည့်သည်များအတွက် ဖြစ်ပါသည်။

ဆိုင်၏ စားဖွယ်များကို အမည်၊ ဓာတ်ပုံ၊ ဈေးနှုန်းများဖြင့် ဆလိုက်ရှိုးပြသပေးနေမှာ ဖြစ်ပါသည်။ ၎င်းတို့ကို ငွေကိုင်စက်မှ ရယူပြသပေးမှာ ဖြစ်ပါသည့်အတွက် လွယ်ကူ၊ တိကျ၊ မြန်ဆန်မှာ ဖြစ်ပါသည်။

ဒီဂျစ်တယ်မီနူးမော်ကျူး

မီနူးကျူအာကုဒ်၊ စားသောက်ဆိုင်ဝဘ်ဆိုဒ်၊ မိုဘိုင်းအပ်၊ ဒီဂျစ်တယ်မီနူး၊ မြန်ခြင်းတောင်းအမျိုးမျိုး စသည်တို့ကို ဆိုင်ရှေ့၊ ဆိုင်အတွင်း၊ ဆိုင်အပြင် အရောင်းမြှင့်တင်ဖို့အတွက် အသုံးပြုနိုင်ပါသည်။

တခြား Plan များ

  • RMS for Tea Shop (Waiter Tablet +)
  • RMS for Bar & Restaurant (KOT, BOT, and Waiter Tablet)
  • RMS for Bakery (TV Slide Show 50% Off)
  • RMS for Food Track (Tablet Version)
  • RMS for Fine Dinning (Recipe Mgmt. +)