MyanMenu

(၁) သင့်ဆိုင် အရောင်းတိုး ဆောင်ရွက်ပုံ

စားသောက်ဆိုင်ဆိုတာ အချိန်တိုင်းငွေဝင်နေတဲ့ လုပ်ငန်းမျိုးပါ။ လုပ်တတ်ရင် လုပ်တတ်သလောက် အကျိုးရှိနိုင်ပါသည်။

ဂဏာန်းပေါင်းစက်၊ စက္ကူ၊ လယ်ဂျာတွေကို အသုံးပြုနေခြင်းက ဆိုင်ကို ကြန့်ကြာစေပါသည်။ နှောင့်နှေးစေပါသည်။ မုန့်လုံးစက္ကူကပ်သလို အလုပ်မတွင်ကျယ် ဖြစ်စေပါသည်။

မြန်မီနူး နည်းပညာကို အသုံးပြုပါလို့ အကြံပြုပါသည်။

(၂) သင့်ဆိုင် မီးဖိုဆောင် ဆောင်ရွက်ပုံ

စားသောက်ဆိုင်သည် ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား ဖြစ်သော်လည်း စားဖွယ်များပြုလုပ်ပေးနေသော မီးဖိုဆောင်သည် ဆိုင်၏ အသက်သွေးကြော ဖြစ်ပါသည်။

မြန်မီနူးကို သီအိုရီအရရော၊ လက်တွေ့ပိုင်းအရပါ အဘက်ဘက်မှ စမ်းသပ်ထားပါသည်။ စားပွဲ ၁၀၀၊ ဧည့်သည် ၅၀၀ ဝန်းကျင်ရှိသည့် အဝင်အထွက် ကြမ်းသည် လက်ဖက်ရည်ဆိုင်မျိုးကိုပင် ကောင်းကောင်း စီမံနိုင်ပါသည်။

ထို့ကြောင့် ဆိုင်အတွေ့အကြုံမရှိသေးဘူးဆိုလျှင်တောင် မြန်မီနူးကြောင့် လွယ်ကူသွားစေမှာပါ။

(၃) သင့်ဆိုင် ဒီဂျစ်တယ်မီနူး ဆောင်ရွက်ပုံ

သင့်ဆိုင်၏ စားဖွယ်များကို ဧည့်သည်၏ ဖုန်းထဲကို ထည့်ပေးလိုက်ချင်တယ်ဆိုရင်တော့ မြန်ဒီဂျစ်တယ်မီနူး ရှိပါတယ်။

ဒီဂျစ်တယ်မီနူးကို ဆိုင်အရောင်းတိုးဖို့အတွက် ဖေ့ဘုတ်နှင့် တွဲဖက်၍၊ လက်ကမ်းစာစောင်တွင်ထည့်၍၊ စားပွဲပေါ်တွင်တင်၍ အိုင်ဒီယာရှိသလို အမျိုးမျိုး အသုံးပြုနိုင်မှာပါ။

ဒီဂျစ်တယ်မီနူး၊ ဆိုင်ဝဘ်ဆိုဒ်၊ ကျူအာကုဒ်၊ မိုဘိုင်းအပ်၊ မြန်ခြင်းထောင်း တစ်ခုဝယ်ရင် အားလုံးကိုရရှိမှာပါ။

(၄) သင့်ဆိုင် အရောင်းတိုးတီဗီစလိုက် ဆောင်ရွက်ပုံ

ရိုးရိုး TV စလိုက်နှင့် မတူတဲ့ မြန်မီနူးတီဗီစလိုက်က အချက်အလက်များကို ငွေကိုင်စက်မှ ရယူခြင်း ဖြစ်ပါသည်။

ငွေကိုင်စက်မှ စားဖွယ်အမည်၊ အမျိုးအစား၊ ဓာတ်ပုံ၊ ဈေးနှုန်းများ တစ်ခုခု အပ်ဒိတ်လုပ်တယ်ဆိုရင် TV မှာလည်း အပ်ဒိတ်ဖြစ်စေမှာပါ။

ဆိုင်ရှေ့မှ ဖြတ်သွားဖြတ်လာများ၊ ဆိုင်ထိုင် ဧည့်သည်များ၊ နှင့် အသစ်လာ ဧည့်သည်များကို သင့်စားဖွယ်များ ပြသပေးနိုင်မှာဖြစ်လို့ အရောင်းပိုစေမှာပါ။

မြန်မီနူး All in One ချိတ်ဆက်မှု

အကယ်၍ သင့်ဆိုင်မှာ စနစ် ၅ မျိုးရှိတယ်။ တစ်ခုခု အသစ်ထည့်ချင်တယ်.. ပြုပြင်ချင်တယ်ဆိုရင် ၅ နေရာ လိုက်ပြင်ရမည် မဟုတ်ပါလား။ မြန်မီနူးက ၎င်းစနစ်များကိုစုပေါင်းချိတ်ဆက်ပေးထားပါသည်။

ဆိုင်အရောင်း၊ စီမံ၊ ဒစ်ဂျစ်တယ်နည်းပညာတွေကို ချိတ်ဆက်ပေးထားလို့ တနေရာတည်းက စီမံလုပ်ဆောင်နိုင်မှာပါ။ မှန်ကန်၊ မြန်ဆန်၊ တိကျမှု၊ နှင့် ယုံကြည်စိတ်ချရမှုက သင့်ဆိုင်အောင်မြင်မှုအတွက် အရေးပါပါလိမ့်မည်။

မြန်မီနူးနည်းပညာရဲ့ လွယ်ကူမှု၊ လျှင်မြန်မှု၊ တိကျမှုတို့က သင့်ဆိုင်လုပ်ငန်းကို အရောင်းပိုစေမှာပါ။