
စားသောက်ဆိုင်ဆော့ဖ်ဝဲ နှင့် လက်လီဆော့ဖ်ဝဲ နှိုင်းယှဉ် (Restaurant POS vs Retail POS)
စားသောက်ဆိုင်ဆော့ဖ်ဝဲ နှင့် လက်လီဆော့ဖ်ဝဲ နှိုင်းယှဉ်ကြည့်ရအောင် (Restaurant Software V.S. Retail Software)
တစ်ခုက ဧည့်သည်သုံးဆောင်တယ်၊ တစ်ခုက ဧည့်သည်ဝယ်တယ်၊ ငွေရှင်းတယ်၊ ငွေလက်ခံဖြတ်ပိုင်း ထုတ်ပေးတယ်... ပုံမှန်အားဖြင့် အတူတူပဲမဟုတ်လားဟု ထင်မှတ်စရာရှိပါသည်။ ဒါပေမယ့် မတူညီကြပါဘူး။
လက်လီ နှင့် စားသောက်ဆိုင် အဓိကကွာခြားချက်တွေကတော့..
စားသောက်ဆိုင်ဆော့ဖ်ဝဲတွင်_
၁) ဆိုင်ထိုင် ရှိသည်။ မထမချင်း အော်ဒါမှာသည်၊ အားလုံးပြီးမှ ငွေရှင်းသည်။
၂) ပါဆယ် ရှိသည်။ မီးဖိုဆောင်မှ ဖော့ဘူးဖြင့် ထည့်၍ စီစဉ်ပေးရသည်။
၃) ပို့ဆောင်(Deli) ရှိသည်။ ဆိုင်မှ ကိုယ်တိုင်၊ (သို့) Agent နှင့် ပို့ဆောင်ပေးရသည်။
၄) ဧည့်သည် အော်ဒါတင်မှ ချက်ပြုတ်/ပြင်ဆင် ပေးရသည်။ မီးဖိုဆောင်၊ ဝိတ်တာတက်ပလက်၊ ငွေကိုင်စက် ချိတ်ဆက်ဆောင်ရွက်မှုရှိသည်။
၅) ကုန်ပစ္စည်းစီမံ Inventory Mgmt. သာမက၊ Recipe Mgmt. ပါ ပါဝင်ကြသည်။
၆) စားပွဲတင် ကျူအာကုဒ် (သို့) ဒီဂျစ်တယ်မီနူး သုံးတတ်ကြသည်။
၇) ဆိုင်ဝဘ်ဆိုဒ် (သို့) ဒီဂျစ်တယ်မီနူး (သို့) ဆိုင်မိုဘိုင်းအပ် ဆိုပြီး အော်ဒါလက်ခံ ပို့ဆောင် ရောင်းချသည်။
လက်လီဆော့ဖ်ဝဲတွင်_
၁) ဝယ်မည့်ပစ္စည်း ကောင်တာငွေရှင်း ဖြစ်ပါသည်။
၂) Inventory Mgmt ရှိပါသည်။ Warehouse Transfer ပါတတ်ပါသည်။
၃) ကောင်တာငွေရှင်းဆိုသော်လည်း အရောင်းမပြီးပြတ်သေးလျှင် Hold ဆိုပြီး ခဏသိမ်းမှတ်ထားနိုင်ပါသည်။
၄) အွန်လိုင်းအရောင်းကို အီးကောမစ်လို့ ခေါ်ကြပါသည်။
၅) လက်လီဈေး၊ လက်ကားဈေး၊ ဖြန့်ဝေသူဈေး၊ ကော်မရှင်ပေး စသည်တို့ သတ်မှတ်ရောင်းချနိုင်ပါသည်။
လက်လီဆော့ဖ်ဝဲ လက်လီအတွက် အားသာချက်ရှိတယ်၊ စားသောက်ဆိုင်ဆော့ဖ်ဝဲ စားသောက်ဆိုင်အတွက် အကျိုးကျေးဇူးရှိတယ်။ အကယ်၍ သင့်လုပ်ငန်းသည် စားသောက်ဆိုင်ဆိုလျှင် စားသောက်ဆိုင်ဆော့ဖ်ဝဲအသုံးပြုမှသာ ဆော့ဖ်ဝဲအကျိုးကျေးဇူးကို အပြည့်အဝ ရရှိမှာ ဖြစ်ပါသည်။
မြန်မီနူးသည် စားသောက်ဆိုင်များကို အကြံပြု၍ နည်းပညာဝန်ဆောင်မှုကို တာဝန်ယူပေးအပ်နေသော စားသောက်ဆိုင်ဆော့ဖ်ဝဲ သီးသန့် ဖြစ်ပါသည်။