MyanMenu

Thumb

စားသောက်ဆိုင် မီနူးအင်ဂျင်နီယားရင်း (ME) အကြောင်းသိမှတ်စရာများ

စားသောက်ဆိုင် မီနူးအင်ဂျင်နီယားရင်း (ME) အကြောင်းသိမှတ်စရာများ

(by Myan Menu)

 

** ME အထွေထွေမေးခွန်းများ

** သင့်ဆိုင် ME ပြုလုပ်သင့်လားမေးခွန်းများ

** ME အကျိုးကျေးဇူးများ

** ME အသုံးပြုပုံမေးခွန်းများ

** ME နောက်ဆက်တွဲမေးခွန်းများ

 

 

**************************************

** ME အထွေထွေမေးခွန်းများ

**************************************

ME ဆိုတာ ဘာလဲ?

စားသောက်ဆိုင်မီနူးတစ်ခုကို သင်္ချာနည်း၊ မက်ထရစ်နည်း၊ စီမံခန့်ခွဲမှု ဖော်မြူလာနည်းလမ်းများ အသုံးပြုပြီး၊ အဘက်ဘက်မှ ပိုကောင်းမွန်အောင် အင်ဂျင်နီယားရင်းပြုလုပ်ခြင်း ဖြစ်ပါသည်။

 

ME ကို ဘယ်လိုဆိုင်မျိုး ပြုလုပ်သင့်သလဲ?

စားဖွယ်များပြုလုပ်ရောင်းချပေးသော စားသောက်ဆိုင်တိုင်း ပြုလုပ်နိုင်ပါသည်။ နိုင်ငံခြားမှာဆိုရင် စားသောက်ဆိုင်များသာမက ဧည့်ခံဝန်ဆောင်မှု (Hospitality) လုပ်ငန်းများ ME ကို ပြုလုပ်ကြပါသည်။

 

☞Hospitality ဆိုတာဘာလဲ။ စားသောက်ဆိုင်နှင့် ဘာဆိုင်လဲ?

Hospitality လုပ်ငန်းဆိုတာ ဧည့်ခံဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုးများကို ဆိုလိုပါတယ်။ ၎င်းကို ကဏ္ဍကြီး ၅ ခု အဖြစ် ခွဲကြည့်မယ်ဆိုရင်_ 

(၁) အစားအသောက် နှင့် အဖျော်ယမကာ လုပ်ငန်းများ၊ 

(၂) ဟိုတယ် နှင့် အခန်းငှား လုပ်ငန်းများ၊ 

(၃) ခရီးသွားလာရေး အကျိုးဆောင် လုပ်ငန်းများ၊ 

(၄) စတိတ်ရှိုး အပန်းဖြေစင်တာ ဖျော်ဖြေရေး လုပ်ငန်းများ၊ နှင့်

(၅) အခမ်းအနား ပွဲအစီအစဉ် လုပ်ငန်းများ၊

စသည့် ကဏ္ဍကြီး ၅ခု ကို တွေ့ရပါသည်။

စားသောက်ဆိုင်လုပ်ငန်းသည် ၎င်းကဏ္ဍကြီး ၅ခုမှ နံပါတ် (၁) အစားအသောက် နှင့် အဖျော်ယမကာ လုပ်ငန်းများကဏ္ဍ ထဲတွင် ပါဝင်ပါသည်။

 

 

**************************************

** သင့်ဆိုင် ME ပြုလုပ်သင့်လားမေးခွန်းများ

**************************************

ME ပြုလုပ်ဖို့ လိုလို့လား?

ဆိုင်အောင်မြင်မှုအတွက် ဆိုင် နှင့် ဧည့်သည်ကို ချိတ်ဆက်ပေးတဲ့ မီနူး အရေးကြီးပါတယ်။ သင့်ဆိုင်မီနူး အဘက်ဘက်က တိုးတက်ကောင်းမွန်စေချင်တယ်ဆိုရင် ME ပြုလုပ်သင့်ပါသည်။

 

ME မပြုလုပ်ရင် ဘာဖြစ်မလဲ?

ဆိုင်မီနူး ပိုကောင်းမွန်အောင် ဘယ်လိုပြောင်းလဲ ပြုလုပ်သင့်သလဲကို အတွေ့အကြုံနှင့် ဆုံးဖြတ်လုပ်ဆောင်ရမှာ ဖြစ်ပါသည်။

 

ME ပြုလုပ်ခြင်း နှင့် မပြုလုပ်ခြင်း ဘာကွာလဲ?

ME ပြုလုပ်မယ်ဆိုရင် သင့်ဆိုင်မီနူး ဘာလုပ်သင့်လဲ အိုင်ဒီယာပေး ညွှန်ပြပေးနေတဲ့ ခွဲခြမ်းစိတ်ဖြာဇယား၊ နှင့် လမ်းညွှန်ဖော်မြူတို့ကို ရရှိမှာဖြစ်ပါသည်။ 

ME မပြုလုပ်ဘူးဆိုရင် ၎င်းတို့မပါပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါသည်။

 

ME ကို ကိုယ်တိုင်တွက်ချက်ရလား။

ME ကို ကိုယ်တိုင် တွက်ချက်နိုင်ပါသည်။ တွက်ချက်ရ လွယ်ကူပါသည်။ ဒါပေမယ့် မီနူးများတယ်ဆိုရင် စိတ်ရှည်ပြီး အချိန်ပေး ရနိုင်ပါသည်။

 

ME ကုန်ကျစရိတ် ဘယ်လောက်လဲ။

(၁) ကိုယ်တိုင်တွက်ချက် > စက္ကူဖိုး

(၂) ဆော့ဖ်ဝဲနည်းလမ်း > ဝန်ဆောင်ခ

 

ME ကို ဘာကြောင့် မပြုလုပ်သင့်တာလဲ။

ME ကို ကိုယ်တိုင်တွက်ချက်မယ်ဆိုရင် တွက်ချက်ရလွယ်ကူသော်လည်း အချိန်ပေးရနိုင်ပါတယ်။ အဆိုပါ အကြောင်းပြချက်မှလွဲရင် ME မပြုလုပ်သင့်တဲ့ အကြောင်းပြချက် မရှိပါဘူး။

 

ME ဆော့ဖ်ဝဲ ဘာရှိလဲ။

မြန်မီနူးစားသောက်ဆိုင်စီမံ နှင့် အကူအညီစနစ် (All in One) တွင် ME ကို ထပ်တိုးမော်ကျူးအဖြစ် ရနိုင်ပါသည်။

 

 

 

**************************************

** ME အကျိုးကျေးဇူးများ

**************************************

ME က အရောင်းတိုးစေပါသလား?

ME က ဧည့်သည် ကြိုက်တာကို ညွှန်ပြပေးပါတယ်။ သင့်အနေဖြင့် အဆိုပါ ညွှန်ပြပေးမှုများကို သင့်အတွေ့အကြုံဖြင့် ပေါင်းစပ် လုပ်ကိုင်မယ်ဆိုရင် မုချ အရောင်းတိုးစေမှာ ဖြစ်ပါသည်။

 

ME က ကုန်ကြမ်းအလေအလွင့်လျှော့ချနိုင်ပါသလား?

ME က ဧည့်သည် မကြိုက်တာကို ညွှန်ပြပေးပါတယ်။ သင့်အနေဖြင့် ဧည့်သည် မသုံးဆောင်တဲ့ စားဖွယ် မီနူးများကို အကောင်းဆုံး စီမံနိုင်မယ်ဆိုရင် ၎င်းနှင့် ဆက်စပ် အသုံးပြုနေတဲ့ ကုန်ကြမ်းများကို စီမံပြီး ဖြစ်ပါလိမ့်မည်။ ဒါကြောင့် ME သည် ကုန်ကြမ်းအလေအလွင့် လျှော့ချပေး နိုင်ပါသည်။

 

ME က ဈေးနှုန်းဘယ်လောက် သတ်မှတ်ရမလဲ ပြောပေးလား။

ME သည် စားဖွယ်ဈေးနှုန်း၊ အရောင်းခုရေ၊ ဧည့်သည်နှစ်သက်မှု၊ ကုန်ကြမ်းစရိတ် ဒါတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း ဖြစ်ပါသည်။ ဒီအတွက်ကြောင့် စားဖွယ်ဈေးနှုန်း ဘယ်လောက်သတ်မှတ်သင့်လဲ အိုင်ဒီယာ ရရှိစေပါသည်။

 

ME က ဧည့်သည်နှစ်သက်မှုကို ပြောပြပေးလား။

ME သည် စားဖွယ်ဈေးနှုန်း၊ အရောင်းခုရေ၊ ဧည့်သည်နှစ်သက်မှု၊ ကုန်ကြမ်းစရိတ် ဒါတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း ဖြစ်ပါသည်။ ဒီအတွက်ကြောင့် သင့်ဆိုင်မီနူးအပေါ် ဧည့်သည်နှစ်သက်မှုကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါသည်။

 

ME ဧည့်သည်ကို အကျိုးရှိစေလား။

သင့်ဆိုင်မှာ ဧည့်သည် နှစ်သက်တာကို ဦးစားပေးရောင်းနိုင်မယ်၊ အလေအလွင့်ကို လျှော့ချနိုင်လို့ ဈေးနှုန်းလျှော့ချ ရောင်းချနိုင်မယ်။ ဒီအတွက်ကြောင့် ME သည် ဧည့်သည်ကိုလည်း အကျိုးရှိစေပါသည်။

 

ME ဝန်ထမ်းစရိတ် လျှော့ချနိုင်လား။

သင့်ဆိုင်မီနူးမှ မလိုလားအပ်တဲ့ စားဖွယ်လိုင်းများကိုပါလျှော့ချနိုင်မှာ ဖြစ်သည့်အတွက် ၎င်းနှင့် ပတ်သက်သည့် ဝန်ထမ်းများကို လျှော့ချနိုင်မှာ ဖြစ်ပါသည်။

 

ME ကုန်ကြမ်းစရိတ် လျှော့ချနိုင်လား။

သင့်ဆိုင်မီနူးမှ မလိုလားအပ်တဲ့ စားဖွယ်လိုင်းများကိုပါလျှော့ချနိုင်မှာ ဖြစ်သည့်အတွက် ၎င်းနှင့် ပတ်သက်သည့် ကုန်ကြမ်း ဝယ်ယူမှုများကို လျှော့ချနိုင်မှာ ဖြစ်ပါသည်။

 

ME အထွေထွေကုန်ကျစရိတ် လျှော့ချနိုင်လား။

သင့်ဆိုင်မီနူးမှ မလိုလားအပ်တဲ့ စားဖွယ်လိုင်းများကိုပါလျှော့ချနိုင်မှာ ဖြစ်သည့်အတွက် ၎င်းနှင့် ဆက်စပ်သော ဈေးဝယ်ယူခြင်းကနေ၊ ပစ္စည်းထိန်းသိမ်းဖို့အတွက် အသုံးပြုသည့် ရေခဲသေတ္တာလျှပ်စစ်မီးအထိ အထွေထွေ စရိတ်အမျိုးမျိုးတို့ကို လျှော့ချနိုင်စေပါသည်။

 

ME အမြတ်တိုးစေလား။

တဖက်မှာ အရောင်းတိုး၊ အမြတ်တိုးစေပါသည်။ တဖက်မှာ ကုန်ကြမ်းဝယ်ယူမှု၊ အသုံးပြုမှု၊ အလေအလွင့်ကို စီမံနိုင်စေပါသည်။ တဖက်မှာ အမြတ်တိုး တဖက်မှာ စရိတ်လျှော့နိုင်မှာ ဖြစ်ပါသည့်အတွက် ME သည် အမြတ်တိုးစေသော လုပ်ဆောင်ချက် ဖြစ်ပါသည်။

 

 

 

**************************************

** ME အသုံးပြုပုံမေးခွန်းများ

**************************************

ME ကနေ ခွဲခြမ်းစိတ်ဖြာဇယား ရလာတယ်။ အသုံးပြုရမှာလား။

အဆိုပါ ခွဲခြမ်းစိတ်ဖြာဇယားကနေ သင့်ဆိုင်မီနူး အခြေအနေကိုသာမက၊ သင့်တစ်ဆိုင်လုံး အခြေအနေကိုလည်း လှမ်းမြင်တွေ့ နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ဆိုင်၏ မည့်သည် စီမံခန့်ခွဲမှု၊ ဆုံးဖြတ်ချက်များ ချမှတ်သည်ဖြစ်စေ၊ အဆိုပါဇယားကို အကိုးအကား(Reference) အဖြစ် အသုံးပြုရမှာ ဖြစ်ပါသည်။

 

 ☞ ME ကနေ လမ်းညွှန်ဖော်မြူလာ ရလာတယ်။ အဲ့ဒီအတိုင်း လုပ်ဆောင်ရမှာလား။

အဆိုပါ လမ်းညွှန်ဖော်မြူလာကို အိုင်ဒီယာရရှိစေရန် လမ်းညွှန်ခြင်း ဖြစ်ပါသည်။ သင့် စီမံခန့်ခွဲမှု ဆုံးဖြတ်မှုများ ပိုပြီး လွယ်ကူ၊ မှန်ကန်စေရန် အထောက်အပံ့ပေးပါလိမ့်မည်။

 

 ☞ ME လမ်းညွှန်ဖော်မြူလာ တစ်ခုခု နှင့် တစ်ခု တူညီလား။

ယေဘုယျ သဘောတရား အတူတူ ဖြစ်ပါသည်။ မြန်မီနူးတွင် ရှင်းလင်းတိကျသော  အတိုဗားရှင်း ရှိပါသည်။ အကယ်၍ သင်က ME ကို ကိုယ်တိုင်တွက်ချက်တယ်ဆိုရင်လည်း အဆိုပါ အတိုဗားရှင်း ကို အသုံးပြုနိုင်ပါသည်။

 

 

 

**************************************

** ME နောက်ဆက်တွဲမေးခွန်းများ

**************************************

ME ပြုလုပ်တာ အကျိုးရှိတယ်ဆိုရင် နေ့တိုင်း လုပ်လို့ရလား။

တစ်ရက်တာ အရောင်းမှတ်တမ်းအပေါ် ME ပြုလုပ်ခြင်းတွင် အားနည်းချက်များ ရှိနေနိုင်ပါသည်။

ဥပမာ ဒီနေ့ အားလူကြော်ရောင်းရလို့.. ဆိုင်ကို အာလူးကြော်ရောင်း ဆိုလို ဖြစ်နေနိုင်ပါသည်။

 

ME ပြုလုပ်တာ ဘယ်အချိန် ရပ်ရမလဲ။

ME သည် သင့်ဆိုင်ဧည့်သည် နှင့် သင့်ဆိုင်အကြား မီနူးကို အသင့်မြတ်ဆုံး (Optimal) ဖြစ်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ဒါကြောင့် သင့်ဆိုင်မီနူး အသင့်မြတ်ဆုံးဖြစ်တယ်လို့ ထင်တဲ့ အချိန် ရပ်နိုင်ပါသည်။

(သို့) အကြိမ်လျှော့လုပ်နိုင်ပါသည်။

 

ME ကို ဘယ်အချိန်၊ ဘယ်နှစ်ကြိမ် ပြုလုပ်ရမလဲ။

အခြေအနေ (၁)

*** မီနူးပြုပြင်ဖို့ လိုအပ်တယ်။ ***

တစ်လတစ်ကြိမ် ပြုလုပ်ပါ၊ (သို့) သင့်သလို ပြုလုပ်ပါ။

 

အခြေအနေ (၂)

***မီနူးတည်ငြိမ်လာပြီ။ ***

တစ်နှစ်တစ်ကြိမ် ပြုလုပ်ပါ၊ (သို့) သင့်သလို ပြုလုပ်ပါ။

 

ME နဲ့ ပတ်သက်ပြီး အကူအညီ လိုအပ်တယ်။

မြန်မီနူးကို ဆက်သွယ်ဖို့ အကြံပြုပါသည်။ m.me/myanmenu ကို သင့်အကြောင်းအရာ ရှင်းရှင်းလင်းလင်းဖော်ပြပြီး မေးမြန်းပေးပါ။

 

 

Previus Post
ငွေတောင်းစာရွက် (Bill or Invoice)
Next Post
ဆက်တင် (မာစတာ)