Food Cost App အမေးများသော မေးဖြေများ (FAQs)
၁) Food Cost ဆိုတာ ဘာလဲ?
သင့်မီနူးမှာ အသုံးပြုမယ့် ကုန်ကြမ်းများကို စုပေါင်းကျသင့်တန်ဖိုး တွက်ချက်ထားခြင်း ဖြစ်ပါသည်။ ဆိုင်စီမံခန့်ခွဲမှုအတွက် အခြေခံကျ၊ အရေးကြီး၊ သိသင့်တဲ့ ကိန်းဂဏာန်းအချက်အလက် ဖြစ်ပါသည်။
၂) FC မှာ ရေ၊ မီး၊ ဂတ်(စ်) စသည့် Utility Cost များ ထည့်ရမလား?
ဥပမာပေး၍ ရှင်းပြပါမယ်။ လျှပ်စစ်မီး ၎င်းကို ချက်ပြုတ်ရာတွင် သုံးနိုင်ပါတယ်။ ပြီးတော့ ဧည့်ခန်းတွင် သုံးပါသည်။ ထို့ကြောင့် Utility Cost များကို "ဆိုင်အသုံးစရိတ်များ" ခေါင်းစဉ်ကြီးအောင်တွင် သတ်သတ်စာရင်းဖွင့်ရပါမည်
၃) FC မှာ အခွန် (TAX) ထည့်သင့်လား?
အခွန် (TAX) သည် ပါဝင်အမယ် မဟုတ်ပါဘူး။ ဒါကြောင့် Food Cost တွက်ချက်သည့် အဆင့်တွင် မစဉ်းစားစေလိုပါဘူး။ ၎င်းကို "ဆိုင်အသုံးစရိတ်များ" ခေါင်းစဉ်ကြီးအောင်တွင် သတ်သတ်စာရင်းဖွင့်ရပါမည်။
၄) Food Cost % ကို ကြည့်ပြီး အရောင်းဈေးနှုန်း သတ်မှတ်ခြင်းကို ဘယ်လိုခေါ်ဆိုပါသလဲ?
၎င်းကို Cost Plus ဈေးနှုန်းသတ်မှတ်ခြင်း လို့ ခေါ်ဆိုပါတယ်။
၅) ဆိုင်မှာ Food Cost % အတိုင်းအတာ Range ဘယ်လောက် သတ်မှတ်ရမလဲ?
ယေဘုယျအားဖြင့် 25% မှ 35% အကြား ထားကြပါသည်။ Fine Dinning ဆိုင်မျိုးသည် အဆိုပါ Range ထက်ပိုနည်းနိုင်သလို၊ Street Food ဆိုင်မျိုး အဆိုပါ Range ထက် ပို၍ များပြားနိုင်ပါတယ်။ တစ်ဆိုင်နှင့် တစ်ဆိုင် မတူညီပါဘူး။
၆) မုန့်ဟင်းခါး Food Cost ဘယ်လို တွက်ရမလဲ?
မုန့်ဟင်းခါး တစ်ခါချက် အချိန်တစ်ဆယ် (ပွဲ ၁၀၀) စသဖြင့် ချက်တတ်ပါတယ်။ ဒီအတွက် FC App မှာ အဖြေရှိနှင့်ပါတယ်။
အဆင့် ၁) သင်ချက်မယ့် ပွဲရေကို ရိုက်ထည့်ခြင်း၊
စားဖွယ်အမည် − "မုန့်ဟင်းခါး"
တစ်ကြိမ်ချက်ပွဲရေ − " "
အဆင့် ၂) ကုန်ကြမ်းချိတ်ဆက်ခြင်း၊
အဆိုပါပွဲရေအတွက် အသုံးပြုရမယ့် ကုန်ကြမ်းများကို ချိတ်ဆက်ပေးပါ။
အဆင့် ၃) ရလဒ် Output ထုတ်ယူခြင်း၊
FC App မှ တစ်ပွဲစာ PDF ဖိုင် ထုတ်ပေးပါမည်။
ထို့အတူ FC App မှ တစ်ကြိမ်ချက်ပွဲရေအတိုင်း PDF ဖိုင် ထုတ်ပေးပါမည်။
၇) Food Cost နှင့် Menu Engineering ဘာကွာခြားလဲ?
Food Cost သည် စားဖွယ်မှာ အသုံးပြုမယ့် ပါဝင်အမယ်များ၏ စုစုပေါင်းကျသင့်ကို တွက်ချက်ပေးခြင်း ဖြစ်ပါသည်။ Menu Engineering သည် ဆိုင် နှင့် ဧည့်သည်အကြား အသင့်တော်ဆုံး မီနူးဖြစ်အောင် အင်ဂျင်းနီးယားရင်း ဖန်တီး/ပြုပြင်ခြင်း ဖြစ်ပါသည်။
တကယ်တော့ ME သည် Menu ကိုသာ Optimization လုပ်ပေးနိုင်ရုံမျှမက၊ သင့်ဆိုင်၏ ဦးတည်ချက်ကိုလည်း ပိုကောင်းအောင် လမ်းညွှန်ပေးနိုင်ပါသည်။ FC နှင့် ME နှစ်မျိုးစလုံးသည် ဆိုင်စီမံမှုအတွက် အရေးကြီးလှပါသည်။
အကယ်၍ မတွက်ချက်ခြင်းဘူး။ အလွယ်နည်း နည်းပညာအသုံးပြုမယ်ဆိုရင် မြန်မီနူးဝန်ဆောင်မှု ရွေးချယ်စရာ ရှိနိုင်ပါသည်။
၈) Food Cost တွက်ချက်နည်းလမ်း ဘယ်နှစ်မျိုး ရှိပါသလဲ?
၁) FC မိုဘိုင်းအပ်ပုံစံ
၂) Excel Format ပုံစံ
၃) Restaurant POS + Recipe Management ပုံစံ
အထက်ပါတို့သည် မြန်မီနူးမှ ရနိုင်သော Solution များ ဖြစ်ပါသည်။