
မီးဖိုဆောင်အော်ဒါလက်မှတ် (KOT)
အသုံးပြုပုံ (how to)
************
KOT ပရင်တာကို မီးဖိုဆောင်တွင် ထားရှိရပါမည်။ ဧည့်သည်အော်ဒါကို ပရင့်ထုတ်ရန်ဖြစ်ပါသည်။ ငွေကိုင်စက် (သို့) ဝိတ်တာတက်ပလက်မှ ထုတ်ယူရပါမည်။
မှတ်ချက်။ ။ မြန်မီနူး ဆော့ဖ်ဝဲတွင် အဆိုပါလုပ်ဆောင်ချက် ပါဝင်ပါသည်။ (သို့) ဆော့ဖ်ဝဲ အသုံးမပြုသေးဘူးဆိုလျှင် လက်ရေးအော်ဒါစာရွက်တွင် ပုံပါအချက်များကို ကိုးကားထည့်သွင်းအသုံးပြုနိုင်ပါသည်။
အကျိုးကျေးဇူး (Benefit)
************
မီးဖိုဆောင် အနေဖြင့် KOT စာရွက်မှ သိနိုင်သော အချက်အလက်များမှာ_
ဆိုင်ထိုင်၊ ပါဆယ်၊ ပို့ဆောင်?
စားဖွယ်အမည်၊ အရေအတွက် နှင့် အထူးမှာကြားချက်?
မည်သည့်ဧည့်ခံသူ(ဝိတ်တာ) တာဝန်ယူနေသည်?
မည်သည့်စားပွဲမှ မှာယူသည်?
မည်သည့် ဧည့်သည်အတွက်ဖြစ်သည်?
အော်ဒါနံပါတ်၊ နေ့စွဲ၊ နှင့် အချိန်
စသည့်အချက်များက ဧည့်ခံသူ၊ ငွေကိုင်၊ နှင့် မီးဖိုဆောင် ချိတ်ဆက်မှုကို လွယ်ကူစေပါသည်။ ကျွမ်းကျင်မှုမရှိသော ဝန်ထမ်းများပင် လွယ်ကူစွာ အလုပ်လုပ်ကိုင်စေနိုင်ပါသည်။
တနေ့တာပြီးစီးရင် အဆိုပါ KOT လက်မှတ်များ နှင့် ငွေကိုင်စက်၏ "တနေ့တာအကျဉ်းချုပ်အစီရင်ခံစာ" ကိုက်ညီမှုကို စစ်ဆေးကြည့်နိုင်ပါသည်။
မြန်မီနူးအကြံပြု (Recommendation)
************
KOT အော်ဒါတင်ခြင်းကို ငွေကိုင်စက်သက်သက်ဖြင့် ဆောင်ရွက်နိုင်ပါသည်။
ဝိတ်တာတက်ပလက်အသုံးပြုခြင်းဖြင့်လည်း အားဖြည့်ဆောင်ရွက်နိုင်ပါသည်။