
ခုရောင်းခုသိ နိုတီ (Sale Notification for Owner Mobile App)
အသုံးပြုပုံ (how to)
************
ပိုင်ရှင်အပ်ကို ဖုန်း/တက်ပလက်ထဲတွင် Install လုပ်ထားရမည်။
အကျိုးကျေးဇူး (Benefit)
************
ဆိုင်လုပ်ငန်းရေရှည်ရပ်တည်နိုင်ဖို့ နှင့် အောင်မြင်ဖို့အတွက် ဆိုင်ဝင်ငွေသည် အရေးကြီးလှပါသည်။ ဆိုင်အရောင်းဖြစ်ဖြစ်ချင်း ပေးပို့မည့်နိုတီမှာ ပါဝင်မည့်အချက်များကတော့..
၁) ဧည့်သည်အော်ဒါတင်အချိန်
၂) ငွေလက်ခံရရှိချိန် (သို့) ဖုန်းထဲ နိုတီရရှိချိန်
၃) အရောင်းငွေပမာဏ
၄) ဧည့်သည်အမည်
၅) ဧည့်ခံသူအမည်
၆) ဒီနေ့ဆိုင်ဝင်ငွေစုစုပေါင်း
စသည့်အချက်များ ဖြစ်ပါသည်။
နိုတီ နမူနာပုံစံမျာကို ပြပေးလိုက်ပါသည်။
✅နမူနာပုံစံ (၁)
အချိန် (8:00 am) | အော်ဒါအရောင်း (ဆိုင်ထိုင် 5000 K) | ဧည့်သည် (ဖြတ်သွားဖြတ်လာ)
ဧည့်ခံသူ (မလှ) | ယနေ့စုစုပေါင်းအရောင်း (100,000) K | ဆိုင်အမည် (အေဘီစီစားသောက်ဆိုင်)
✅နမူနာပုံစံ (၂)
အချိန် (8:00 am) | အော်ဒါအရောင်း (ပါဆယ် 5000 K) | ဧည့်သည် (Foodpanda)
ဧည့်ခံသူ (မမြ) | ယနေ့စုစုပေါင်းအရောင်း (100,000) K | ဆိုင်အမည် (အေဘီစီစားသောက်ဆိုင်)
✅နမူနာပုံစံ (၃)
အချိန် (8:00 am) | အော်ဒါအရောင်း (ပို့ဆောင် 5000 K) | ဧည့်သည် (Ko Kyaw Zin)
ဧည့်ခံသူ (မောင်ကို) | ယနေ့စုစုပေါင်းအရောင်း (100,000) K | ဆိုင်အမည် (အေဘီစီစားသောက်ဆိုင်)
၎င်းတို့ကို ပို့စ်ပုံမှာလည်း ကြည့်ရှုနိုင်ပါသည်။
မြန်မီနူးအကြံပြု (Recommendation)
************
အရင်က ကြေးနန်း (Telegraphy) ပို့ရသည်။ ရက်များစွာကြာပါသည်။ ရွေးချယ်စရာ မရှိပါဘူး။ အခု email, sms, live chat, video chat, group meeting စက္ကန့်ပိုင်းနှင့် အားလုံးရပါပြီ။ ရွေးချယ်စရာ ရှိနေပါပြီ။
ဒါကြောင့် အရင်လို စနစ်မျိုးသုံးမလား? ခုရောင်းခုသိ မြန်မီနူးလား? ဆိုတာ.. သင့်ဆိုင်အောင်မြင်မှုအတွက် ရွေးချယ်ရမည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါသည်။