MyanMenu

Thumb

Food Cost တွက်ချက်ခြင်း လမ်းညွှန် ၁)

Food Cost App Terms (ယေဘုယျသဘောတူညီမှု)
၁) App သည် အသုံးပြုသူဆိုင် Food Cost တွက်ချက်ခြင်းကို အကူအညီဖြစ်စေဖို့အတွက်သာ ဖြစ်ပါသည်။
၂) App မှ ထွက်ရှိသော Recipe PDF များကို အသုံးပြုသူဆိုင်မှ စိတ်တိုင်းကျ ဥပမာ Social Media ဖြန့်ဝေနိုင်ပါသည်။
၃) အဆိုပါ PDF Content များသည် သက်ဆိုင်ရာ ဆိုင်၏ Trademark နှင့် ဉာဏ (intellectual property) များသာ ဖြစ်ပါသည်။
၄) ထို့အတူ App သည်လည်း မြန်မီနူး၏ ပိုင်ဆိုင်မှု Property ဖြစ်ပါသည်။ ဒါကြောင့် App (သို့) .apk ကို ဆိုင်ပြင်ပ/ တခြားဆိုင်/ တခြားသူများသို့ ဖြန့်ဝေခွင့် မပြုပါဘူး။
၅) အကယ်၍ ဖြန့်ဝေမှုကို တွေ့ရှိတယ်ဆိုရင် (သို့) သင့်ဆိုင်အပ် အကောင့်ကို ပိတ်သိမ်းရနိုင်ပါသည်။
၆) ဒီ့အတွက် ပေါက်ကြားအကောင့်ကို ပိတ်သိမ်းခြင်း၊ နှင့် ဆိုင်ဘက်ကို အကောင့်အသစ်ထုတ်ပေးခြင်း၊ (သို့) သက်ဆိုင်ရာဆိုင်ကို မြန်မီနူးဝန်ဆောင်မှုမှ အပြီးအပိုင်း Block လုပ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
၇) မည်သို့ ဆုံးဖြတ်မည်၊ မည်သည့် Action ယူမည်ဆိုခြင်းသည် မြန်မီနူး၏ အတည်ပြု ဆုံးဖြတ်သာ ဖြစ်ပါသည်။
၈) အကယ်၍ ဝန်ဆောင်မှုကို နှစ်သက်တယ်ဆိုရင် အသုံးပြုနိုင်ပါသည်။ (သို့) Uninstall/ Delete လုပ်ပစ်နိုင်ပါသည်။
၉) ယခုသဘောတူညီမှုကို မြန်မီနူးဘက်မှ အခါအားလျှော်စွာ Update ပြုလုပ်နိုင်ပါသည်။
သင့်အနေဖြင့် မြန်မီနူးဝန်ဆောင်မှုကို အသုံးပြုတယ်ဆိုရင် အထက်ပါများကို ကြိုတင်နားလည် သဘောတူညီထားသည်ဟု ယူဆပါမည်။ မြန်မီနူးဝန်ဆောင်မှုကို အသုံးပြုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

− − − − − − − − −

အခုလမ်းညွှန်ချက်ကို မဖတ်ခင် App ကို အရင်ဆုံး (တစ်ကြိမ်လောက်) အသုံးပြုကြည့် စေလိုပါတယ်။ ပြီးမှ ဖတ်ခြင်းက ပို၍ နားလည်ရလွယ်ကူ အကျိုးရှိစေမှာ ဖြစ်ပါသည်။

*စားဖွယ်အချက်အလက်

၁) စားဖွယ်ဓာတ်ပုံ
ဖုန်းတွင် သိမ်းထားသော ဓာတ်ပုံ (သို့) ကင်မရာမှ တိုက်ရိုက်ရိုက်ယူ၍ ထည့်သွင်းနိုင်ပါသည်။

၂) စားဖွယ်အမည်
အကယ်၍ သင့်ဆိုင်မှာ စားဖွယ်များ များပြားတယ်ဆိုရင် အောက်ပါ အမည်ပုံစံကို အကြံပြုပါသည်။

အမည်ပုံစံ Name Format (ကုဒ်နံပါတ် + အမည် + အခြေအနေ)
က) C01 တရုတ်ထမင်းကြော် (Draft)
ခ) C02 ကြာဇံကြော် (Active)
ဂ) D01 ဇီးဖျော်ရည် (Hold)

မှတ်ချက်။  ။ အခြေအနေ (Status) အမျိုးမျိုး ရှိနိုင်ပါသေးသည်။ ဥပမာ Pending (တစ်ခုခုကြန့်ကြာနေရင်)၊ Modifying (တစ်ခုခု ပြုပြင်မွန်းမံနေရင်)၊ Deactive (ကာလတစ်ခု ရပ်နားထားရင်) စသဖြင့် သတ်မှတ် နိုင်ပါသေးသည်။ မည်သည့် Status မျိုးကို သုံးမလဲဆိုတာက သင့်ဆိုင်၏ အော်ပရေးရှင်း ရွေးချယ်မှုသာ ဖြစ်ပါသည်။

၃) စားဖွယ်ဈေးနှုန်း
စားဖွယ် သင်ရောင်းချမည့် ဈေးနှုန်း ဖြစ်ပါသည်။ Default အားဖြင့် 5000 ကျပ် ထည့်ထားပါသည်။ ၎င်းကို ဒီအတိုင်းထားခဲ့ပါ။ ကုန်ကြမ်းများချိတ်ဆက်ပြီး Food Cost သိလာတော့မှ ပြန်လာပြီး Adjust လုပ်ဖို့ အကြံပြုပါသည်။

မှတ်ချက်။  ။ ဈေးနှုန်းကို အင်္ဂလိပ်လိုသာ ဖော်ပြရပါမည်။

 

*ကုန်ကြမ်းချိတ်ဆက်

၄) တစ်ကြိမ်ချက်ပွဲရေ
တစ်ကြိမ်ချက်ပွဲရေ 1ပွဲ (သို့) 2ပွဲ (သို့) တစ်ကြိမ်ချက် ပွဲများစွာ ဖြစ်နိုင်ပါသည်။
ဥပမာ ၁) တရုတ်ထမင်းကြော် 1 ကြိမ်ချက် 1 ပွဲ ဖြစ်ပါသည်။ ဒီအတွက် ကုန်ကြမ်းတစ်ပွဲ Portion ကို ချိတ်ဆက်ပါ။
ဥပမာ ၂) မုန့်ဟင်းခါး 1 ကြိမ်ချက် 100 ပွဲ ဖြစ်ပါသည်။ အဆိုပါအတွက် ကုန်ကြမ်း ပွဲ 100 စာ Portion ကို ချိတ်ဆက်ပါ။

၅) ကုန်ကြမ်းရွေးချယ်

စားဖွယ် Recipe မှာ အသုံးပြုမယ့် ကုန်ကြမ်းများကို တစ်ခုပြီးတစ်ခု ထပ်၍ ထပ်၍ ထည့်သွားရပါမည်။ အကယ်၍ သင်ရှာနေသော ကုန်ကြမ်းမရှိဘူးဆိုရင် App ၏ Home Screen ကို ပြန်သွားပါ။ ပင်မမီနူးမှ Add Ingredient ကို နှိပ်၍ သင်ထည့်လိုသော ကုန်ကြမ်းများကို ထည့်သွင်းနိုင်ပါသည်။

၆) ချက်ပြုတ်နည်းလမ်းညွှန်
သင် ညွှန်ပြစေလိုသော ချက်ပြုတ်နည်းလမ်းညွှန် Recipe ကို ယခုနေရာတွင် ရေးသားရပါမည်။

*အကြံပြု
ကုန်ကြမ်းများ ထုတ်ယူသုံးစွဲမှုတွင် (အကယ်၍ ခု၊ ကောင်၊ ထုပ် မဟုတ်ဘူးဆိုရင်) မြန်မာ၊ နှင့် မက်ထရစ် နှစ်မျိုး တွေ့ရနိုင်ပါသည်။ အကယ်၍ သင့်အနေနဲ့ အဆိုပါ နှစ်မျိုးစလုံးကို အသုံးပြုတယ်ဆိုရင် သင့်မီးဖိုဆောင်မှာ Scale နှစ်မျိုး ဆောင်ထားရစရာ အခြေအနေ ရှိပါသည်။

ဒါကြောင့် မြန်မီနူးမှ တစ်မျိုးကို ရွေးချယ်စေလိုပါသည်။ စံအဖြစ် မက်ထရစ် (g, ml) ကို ရွေးချယ်ဖို့ အကြံပြုပါသည်။

မက်ထရစ်အလေးချိန်၏ မီးဖိုဆောင်အားသာချက်များ
၁) မက်ထရစ်သည် အစိုင်အခဲသာမက၊ အရည်၊ အမှုန့်များ စသည့် ပုံစံ ၃မျိုးစလုံးတွင် အသုံးပြုနိုင်ပါသည်။
၂) ပြီးတော့ မြန်မာအလေးချိန်မှ မက်ထရစ်သို့လည်း လွယ်ကူစွာ Convert လုပ်နိုင်ပါသည်။ *1 ပိသာ = 1.6 ကီလိုဂရမ်
၃) မီးဖိုဆောင်တွင် ချဉ်တွယ်ရ လွယ်ကူခြင်း ဖြစ်ပါသည်။
ဥပမာ ၁) ငံပြာရည်(အရည်) 15 ml = စားပွဲတင်ဇွန်း 1 ဇွန်း ထည့်လိုက်ရုံပါ။
ဥပမာ ၂) ဆား(အမှုန့်) 5 ml = လက်ဖက်ရည်ဇွန်း 1 ဇွန်း ထည့်လိုက်ရုံပါ။
ဥပမာ ၃) ပြီးတော့ တခြားချဉ်ခွက်၊ ဇွန်း၊ နှင့် ချိန်ခွင်ပုံစံ မျိုးစုံလည်း ရှိပါသေးသည်။

အကယ်၍ မက်ထရစ်ကို စံထားလိုက်မယ်ဆိုရင် သင့်မီးဖိုဆောင် ချိန်တွယ်ရလွယ်ကူစေရုံမျှမက၊ နိုင်ငံခြား Recipe များကို တုပ Inspire လုပ်မယ်ဆိုရင်လည်း ပိုလွယ်ကူ အကျိုးရှိစေမှာ ဖြစ်ပါသည်။

 

*Food Cost တွက်ချက်ခြင်း

၇) အမယ်ကုန်ကျမှု
သင်၏ ချိတ်ဆက်လိုက်သော ကုန်ကြမ်းများအပေါ် စနစ်မှ Food Cost အလိုအလျောက်တွက်ချက် ပေးပါသည်။

၈) အရောင်းဈေးနှုန်း
သင်ထည့်သော စားဖွယ်ဈေးနှုန်း ဖြစ်ပါသည်။ Default ထားခဲ့မယ်ဆိုရင် 5000 ရှိနေမှာပါ။ သင့်အနေဖြင့် ကုန်ကြမ်း ချိတ်ဆက်ပြီး Food Cost သိလာပြီးနောက် ၎င်းကို သင့်သလို Adjust လုပ်ပေးဖို့ အကြံပြုပါသည်။

၉) ပံ့ပိုးအမြတ်
Contribution Profit လို့ ဆိုနိုင်ပါသည်။ အဆိုပါ ရရှိသောအမြတ်မှ ဆိုင်နေရာ၊ ဝန်ထမ်း၊ တခြားစရိတ်များ စသည်တို့တွင် အသုံးပြုနိုင်/ အသုံးပြုရဦးမည်ဆိုသည့် သဘော ဖြစ်ပါသည်။

၁၀) အမယ်ကုန်ကျမှု%
Food Cost ကို ရာခိုင်နှုန်း (%) ဖြင့် ပြသခြင်း ဖြစ်ပါသည်။ အကယ်၍ သင့်ဆိုင်က Cost Plus Strategy သုံးတယ်ဆိုရင် သင့်ဆိုင်နှင့် သင့်တော်သော % Range ကို ချိန်ညှိ အသုံးပြုနိုင်ပါသည်။ ဥပမာ Food Cost ကို 25% နှင့် 35% အကြားထားမယ်။

၁၁) ပံ့ပိုးအမြတ်%
Contribution Profit ကို ရာခိုင်နှုန်း (%) ဖြင့် ပြသခြင်း ဖြစ်ပါသည်။

 

*စာရွက်အချက်အလက်

၁၂) စာပြင်နံပါတ်
အင်္ဂလိပ်အခေါ် Rev No. ဖြစ်ပါသည်။ သင့်ဆိုင်အတွင်း (သို့) သင့်လုပ်ငန်းခွင်အတွင်း စာရွက်စာတမ်း လည်ပတ်စီးဆင်းမှု (Doc Flow) အတွက် ဖြစ်ပါသည်။

ဘာကြောင့်လိုတာလဲ?
ဆိုကြပါစို့ သင့် ထမင်းကြော်ကို Recipe ပြင်ဆင်ပြီး PDF ခဏခဏ ထုတ်တယ်။ ဒါဆိုရင် PDF များစွာအကြား ဘယ် PDF Latest ဆိုတာ ရှုပ်ထွေးလာပါလိမ့်မယ်။ အကယ်၍ PDF မှာ Rev No. ပါရင် အမြင့်ဆုံး နံပါတ်က Latest ဆိုပြီး လွယ်လွယ်ကူကူ ရွေးချယ်နိုင်မှာ ဖြစ်ပါသည်။

၁၃) လက်မှတ်
သင့်ဆိုင်မှာ Recipe ပြုလုပ်သူ တစ်ဦးနှင့် အထက် ရှိတယ်ဆိုရင် ပြုလုပ်သူနေရာတွင် တကယ်ပြုလုပ်သူ လက်မှတ်ထိုးခြင်းဖြင့် ပြုလုပ်သူကို ခွဲခြားနိုင်မှာ ဖြစ်ပါသည်။


*သိမ်းမှတ်

၁၄) သိမ်းမှတ်

စားဖွယ်အတွက် Recipe အားလုံး ပြည့်စုံမှ သိမ်းမှတ်ရမှာ မဟုတ်ပါဘူး။ အချိန်မရွေး သိမ်းမှတ်ကို နှိပ်နိုင်ပါသည်။ ပြီးနောက်မှ အဆိုပါ စားဖွယ်ကို တစ်ခုခုပြင်ဆင်ချင်တယ်ဆိုရင် သင့်မီနူးများ စာရင်းမှ ပြန်ရွေးချယ်ပေးရမှာ ဖြစ်ပါသည်။


*နောက်ဆက်တွဲများ

*PDF  ထုတ်မယ်

အဆင့် ၁) မီနူးများစာရင်းမှ PDF ထုတ်လိုသော စားဖွယ်ကို ရွေးချယ်ပါ။
အဆင့် ၂) တစ်ကြိမ်ချက်ပွဲရေ (ရွေးချယ်စရာရှိလျှင်) ရွေးချယ်ပါ။ Scroll အောက်ဘက်ကို ဆွဲပါ။
အဆင့် ၃) ထို့နောက် PDF ဆိုတာကို နှိပ်ပါ။ ဈေးနှုန်းပြသ၊ မပြသကို ရွေးချယ်ပါ။

*PDF  ရှယ်မယ်
သင့်ဖုန်းမှာ PDF View ကို ပြသနေပြီဆိုရင် စကရင်ရဲ့ ညာဘက်အပေါ်မှာရှိတဲ့ Share Icon ကို နှိပ်ပါ။ သင့်ဖုန်းတွင် Install လုပ်ထားသော၊ (သို့) Share ၍ရသော App များ (ဥပမာ Viber) ကို ပြပေးနေပါလိမ့်မည်။ ၎င်းတို့မှ တစ်ခုကို ရွေးချယ်၊ Share လိုသော Contact ကို ရွေးချယ်ပြီး Share လို့ရပါသည်။

*PDF  စက္ကူပရင့်ထုတ်မယ်
အကယ်၍ သင့်ဖုန်းသည် ပရင်တာနှင့် တိုက်ရိုက်ချိတ်ထားရင် ပရင့်တိုက်ရိုက် ထုတ်ပါ။ (သို့) ပရင့်ထုတ်နိုင်သော ကွန်ပျူတာ (သို့) စက်သို့ PDF ဖိုင် အရင်ပို့ပေးပါ။


*ဆိုင်အတွင်း Doc Flow

Paperless နည်းလမ်း
Recipe ပြုလုပ်သူသည် App အတွင်း လက်မှတ် ထိုးနိုင်ပါသည်။ ထို့နောက် အတည်ပြုမည့်သူထံသို့ ဥပမာ Viber မှတဆင့် Share ပေးပို့ပါ။ အတည်ပြုသူအကောင့်မှသာ သက်ဆိုင်ရာ ရာထူးများသို့ Distribute ပြုလုပ်ပေးပါ။

Paper နည်းလမ်း
Recipe ပြုလုပ်သူသည် App အတွင်း လက်မှတ် ထိုးပါ။ ထို့နောက် စက္ကူပရင့်ထုတ်ပါ။ အတည်ပြုသူသည် အဆိုပါ စက္ကူပေါ်တွင် ဘောပင်လက်မှတ် ထိုးပေးပါ။


*Food Cost App အကူအညီ

support.myanmenu.com ကို ဆက်သွယ်ပါ။

Previus Post
ငွေတောင်းစာရွက် (Bill or Invoice)
Next Post
အဆင်သင့် ကုန်ကြမ်းများအသုံးပြုခြင်း လမ်းညွှန် ၂)