
အဆင်သင့် ကုန်ကြမ်းများအသုံးပြုခြင်း လမ်းညွှန် ၂)
*Food Cost App လမ်းညွှန် ၂)
၁) App တွင် ကုန်ကြမ်းများ အဆင်သင့် ထည့်သွင်း ပေးထားပါသည်။ ၎င်းတို့ကို သင့်မီနူး Food Cost တွက်ရာ လွယ်လွယ်ကူကူ ချိတ်ဆက် အသုံးပြုနိုင်ပါသည်။
၂) အကယ်၍ အဆင်သင့် ကုန်ကြမ်း မလုံလောက်ရင် သင်ကိုယ်တိုင်လည်း ကုန်ကြမ်းများထည့်သွင်း နိုင်ပါသည်။ ဒီအတွက် Add Ingredient ကို နှိပ်ပေးပါ။
၃) App ဘက်မှ အဆင်သင့်ထည့်ပေးထားသော ကုန်ကြမ်းများအတွက် ကုန်ဈေးနှုန်းအပ်ဒိတ်ကို အခါအားလျှော်စွာ ပြုလုပ်ပေးပါမည်။ ထို့အခါ သင့် Home Screen တွင် အောက်ပါစာတန်းမျိုးပေါ်နေပါလိမ့်မည်။
"2023-10-25 ကုန်ဈေးနှုန်းအပ်ဒိတ်ရယူရန်"
အဆိုပါကို နှိပ်၍ ဈေးနှုန်း အပ်ဒိတ်ရယူပါ။ App က သင့်ထည့်သွင်းထားသော မီနူးများ၏ Food Cost များကို အပ်ဒိတ်ကုန်ဈေးနှုန်းနှင့် ပြန်လည်တွက်ချက်ပေးပါလိမ့်မည်။
၄) သင်ကိုယ်တိုင် ထည့်သွင်းခဲ့တဲ့ ကုန်ကြမ်းအတွက် ကုန်ဈေးနှုန်းအပ်ဒိတ်ကို သင်ကိုယ်တိုင် သက်ဆိုင်ရာကုန်ကြမ်းကို သွားရောက်ပြီး Edit လုပ် Update လုပ်ပေးရပါမည်။
၅) အကယ်၍ App မှ အဆင်သင့်ထည့်ပေးထားသော ကုန်ကြမ်းများကို ဝယ်ယူလိုတယ်ဆိုရင် ဓာတ်ပုံကို ကလစ်နှိပ် ရပါမည်။
၆) App ပါ အဆင်သင့် ကုန်ကြမ်းများသည် ယုံကြည်စိတ်ချရသော Supplier များထံမှ ရယူထားပါသည်။
၇) ဒါပေမယ့် သင်ဝယ်ယူနေသော Supplier နှင့်တော့ ဈေးနှုန်းကွဲလွဲနိုင်ပါသေးသည်။
ဂ) အကယ်၍ သင်က Professional စီမံလိုတယ်၊ သင့် Supplier ကုန်ဈေးနှုန်းအတိုင်း Food Cost ကို အတိအကျ တွက်ချက်လိုတယ် ဆိုရင်တော့ သင်အသုံးပြုမယ့် ကုန်ကြမ်းများကို သင်ကိုယ်တိုင်တစ်ခုချင်း အရင်ထည့်သွင်း ပေးပါ။ ဒီတွက် Home −> Add Ingredient ကို နှိပ်ပါ။
၉) ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ App မှ အဆင်သင့် ထည့်သွင်းပေးထားသော ကုန်ကြမ်းများကို အသုံးပြု၍ Food Cost တွက်ပါ။ အပ်ဒိတ်ရှိရင် အပ်ဒိတ်နှိပ်ပေးပါ။ ဒါဆိုရင် App က သင့်မီနူးအားလုံးကို Latest ကုန်ဈေးနှုန်းနှင့် Food Cost ပြန်တွက်ချက်ပေးပါလိမ့်မယ်။
*Food Cost App အကူအညီ
fcsupport.myanmenu.com ကို ဆက်သွယ်ပါ။