MyanMenu

Thumb

ယူနစ်အပြောင်းအလဲပြုလုပ်ခြင်း လမ်းညွှန် ၃)

သင် ဈေးဝယ်ရာတွင် တွေ့ရစရာ အလေးချိန် ပုံစံ ၃ မျိုးကတော့ (အကယ်၍ ကုန်ကြမ်းကို ခု၊ ကောင်၊ ထုပ် စသဖြင့် မရေတွက်ဖူးဆိုရင်) ၁) အရည်၊ ၂) အစိုင်အခဲ၊ နှင့် ၃) အမှုန့် တို့ပဲ ဖြစ်ပါတယ်။ မြန်မီနူးမှာ ၎င်းတို့ကို စနစ်တကျ စီမံနိုင်ဖို့အတွက် ပင်မအမျိုးအစားကြီး ၅ ခု ခွဲခြားထားပါသည်။

၁) မြန်မာအလေးချိန် (ပိသာ၊ ကျပ်သား)

ယေဘုယျအားဖြင့် ဈေးမှာ ကုန်ကြမ်းဝယ်တယ်ဆိုရင် မြန်မာအလေးချိန်နှင့် တွေ့ရနိုင်ပါသည်။ အဆိုပါအမျိုးအစားကို ရွေးချယ်ပါ။

၂) မက်ထရစ် (ကီလိုဂရမ်၊ ဂရမ်)

အကယ်၍ နိုင်ငံခြားပစ္စည်း၊ အခဲ၊ အမှုန့် (သို့) ကီလို၊ ဂရမ်နှင့် ဖော်ပြထားတယ်ဆိုရင် အဆိုပါအမျိုးအစားကို ရွေးချယ်ပါ။

၃) မက်ထရစ် (မီလီဂရမ်၊ ဂရမ်)

အကယ်၍ နိုင်ငံခြားပစ္စည်း၊ ပုလင်း၊ အရည်၊ အပစ် (သို့) မီလီ၊ ဂရမ် စသဖြင့် သုံးထားတယ်ဆိုရင် အဆိုပါအမျိုးအစားကို ရွေးချယ်ပါ။

၄) ယမကာ (လီတာ၊ ချဉ်ခွက်)

ယမကာအတွက် ရွေးချယ်စရာ အမျိုးအစား ဖြစ်ပါသည်။

၅) ခုရေ (ခု၊ ကောင်၊ ထုပ်) |

အကယ်၍ အထက်ပါ ယူနစ်အတိုင်းဝယ်ခဲ့တယ်ဆိုရင် အဆိုပါ အမျိုးအစားကို ရွေးချယ်ပါ။

 

ချွင်းချက် ၁) ဆန်အကြောင်း
ဆန်ကို ဈေးတွင် နို့ဆီဗူး၊ ပြည်၊ တင်း များဖြင့် ချဉ်တွယ်ပါသည်။ Shopping Center တွင် Kg ဖြင့် ချဉ်တွယ်ပါသည်။ မြန်မီနူးမှ Kg ကို စံအဖြစ် Support လုပ်ပါသည်။

Kg ကို ဘာကြောင့် စံ အဖြစ် ရွေးချယ်ရတာလဲ?
၁) ချဉ်ခွက်ထက် ပို၍တိကျမှုရှိခြင်း၊
၂) နိုင်ငံတကာ စံနှုန်း ဖြစ်ခြင်း၊
၃) ပြန်သုံးရ လွယ်ကူခြင်း၊
စသည့် အချက်များကြောင့်ဖြစ်ပါသည်။

ဈေး နှင့်  Shopping Center ယူနစ်ပြောင်းလဲခြင်း

*ဆန် 1ပြည် = 2 ကီလိုဂရမ်
*ဆန် 1တင်း = 32 ကီလိုဂရမ်

နမူနာပြန်သုံးပြခြင်း

ဥပမာ ၁) ထမင်းကြော်တစ်ပွဲ 80g ဆန် (သင့်ခန့်မှန်းဖြစ်ပါသည်)
ဥပမာ ၂) ဆန်မုန့်တစ်ပွဲ 100g ဆန်

ချွင်းချက် ၂) ယမကာအကြောင်း
အရက်၊ ဘီယာ၊ ပုလင်း၊ ခွက်၊ စည်ဘီယာအိုးများသည် အရွယ်အစား အမျိုးမျိုး ရှိနိုင်ပါသည်။ အကယ်လို့ Converter တွင် သင်တိုက်ရိုက် ဇွန်း၊ ချဉ်ခွက်၊ ပုလင်း ချဉ်ခွက် အတိအကျမရှိဘူးဆိုရင်၊ လီတာ၊ မီလီလီတာ၊ ကီလိုဂရမ်၊ ဂရမ် စသည့် အတိုင်းအတာများကိုသာ အသုံးပြုပေးပါ။

ချွင်းချက် ၃) ခု၊ ထုပ်၊ ကောင်
ဈေးတွင် တစ်စည်း၊ တစ်ထုပ်၊ တစ်ကောင် စသဖြင့်လည်း ဝယ်ယူခဲ့ရနိုင်ပါသည်။ ဒီအတွက်ဆိုရင် စံအရွယ်အစားကို ခန့်မှန်းဝယ်ပေးပါ။ ပြန်သုံးမယ်ဆိုရင်လည်း ခန့်မှန်းပြန်သုံးပေးရမှာ ဖြစ်ပါသည်။

ဥပမာ ထမင်းကြော်အတွက် ဂေါ်ဖီထုပ် သုံးမယ်။
၁) တစ်ခြမ်းသုံးမယ် = 0.5 ဖြစ်ပါသည်။
၂) တစ်စိတ်သုံးမယ် = 0.25 ဖြစ်ပါသည်။
၃) 10ပုံ 1ပုံ သုံးမယ် = 0.2 ဖြစ်ပါသည်။

တွက်ချက်ပုံမှာ ဂေါ်ဖီ/ပွဲရေ = တန်ဖိုး ဖြစ်ပါသည်။

 

*Food Cost App အကူအညီ

fcsupport.myanmenu.com ကို ဆက်သွယ်ပါ။

Previus Post
ငွေတောင်းစာရွက် (Bill or Invoice)
Next Post
ကိုယ်တိုင်ကုန်ကြမ်းထည့်သွင်းခြင်း လမ်းညွှန် ၄)