MyanMenu

Thumb

ကိုယ်တိုင်ကုန်ကြမ်းထည့်သွင်းခြင်း လမ်းညွှန် ၄)

App တွင် အဆင်သင့် ထည့်ပေးထားသော ကုန်ကြမ်းများ ရှိပါသည်။ အဆိုပါ ကုန်ကြမ်း ကုန်ဈေးနှုန်းများသည် သင်တကယ် ဝယ်ယူနေသော Supplier ၏ ဈေးနှုန်းနှင့်တော့ အတိအကျ တူနေစရာ အကြောင်းမရှိလှပါဘူး။ ဒါကြောင့် အကယ်၍ သင့်အနေနဲ့ အချိန်ပေးနိုင်တယ်၊ Food Cost ကို Professional စီမံချင်တ်ယဆိုရင် သင့်ဆိုင် အသုံးပြုမည့် ကုန်ကြမ်းများကို တစ်ခုချင်း သင်ကိုယ်တိုင် ကြိုတင်ထည့်သွင်းပေးရပါမည်။

*မြန်မီနူးအကြံပြုအဆင့်များ
အဆင့် ၁) စံ မီနူးစာရင်းကို (စက္ကူပေါ်တွင်) အရင် ပြုစုပါ။
အဆင့် ၂) ၎င်းနောက် အသုံးပြုမည့် ကုန်ကြမ်းများကို (စက္ကူပေါ်တွင်) ထုတ်ယူပါ။ တူညီတာ၊ ပေါင်းလို့ရတာများကို စုပေါင်းပြီး စံကုန်ကြမ်းစာရင်း ပြုစုပါ။
အဆင့် ၃) ရလာပြီဆိုရင် ၎င်းစံကုန်ကြမ်းစာရင်းကို App ထဲ တစ်ခုချင်း ထည့်သွင်းပါ။
အဆင့် ၄) အကယ်၍ သင့်မီနူး Recipe ပြုလုပ်ရင် အဆိုပါ သင်ကိုယ်တိုင်ထည့်သွင်း စံကုန်ကြမ်းများကိုသာ အသုံးပြုပါ။
အဆင့် ၅) အကယ်၍ ကုန်ဈေးနှုန်း တက်/ကျ ရှိလာပြီ၊ ပြုပြင်သင့်တဲ့ အချိန်ရောက်ပြီဆိုမှ သင်ထည့်သွင်းထားတဲ့ စံကုန်ကြမ်းများကိုဖွင့်၍ ဈေးနှုန်း Edit လုပ်ပေးပါ။

*အကျိုးကျေးဇူးများ

၁) သင့်ဆိုင်အတွက် စံကုန်ကြမ်းစာရင်းကို ရရှိသွားပါမည်။
၂) ပြီးတော့ မီနူးတစ်ခုချင်း Food Cost အတိအကျ တန်ဖိုး ရရှိသွားပါမည်။
၃) အကယ်၍ ကုန်ဈေးနှုန်းပြောင်းတယ်။ ဒါဆိုရင် စားဖွယ်ကို ဈေးနှုန်း တက်/ချ ခြင်းမျိုးအပြင်၊ ကုန်ကြမ်း Portion ချိန်ညှိခြင်း၊ အမယ်အစားထိုးခြင်းများဖြင့်လည်း Food Cost ကို ပို၍ စီမံလာနိုင်မှာ ဖြစ်ပါသည်။
၄) App ကျေးဇူးကြောင့် ကုန်ကြမ်းဈေးပြင်လိုက်ရင် ၎င်းကုန်ကြမ်းသုံးထားတဲ့ စားဖွယ်အားလုံး ဈေးနှုန်း အပ်ဒိတ်ဖြစ်ပါမည်။
၅) စံကုန်ကြမ်းက ဈေးဝယ်ခြင်း၊ စတိုစီမံခြင်း၊ Recipe ချိန်ညှိခြင်း၊ မီးဖိုဆောင်အသုံးပြုခြင်းများတွင် ပို၍စနစ်ကျန စေပါသည်။ အကျိုးများစေနိုင်ပါသည်။

*ကိုယ်တိုင်ကုန်ကြမ်းထည့်သွင်းမယ်
App Home -> Add ingredient -> Add ကို နှိပ်ရပါမည်။

ထို့နောက်..
၁) ကုန်ကြမ်းအမည် ထည့်သွင်းပါ။
၂) အဝယ်ပမာဏ ထည့်သွင်းပါ၊ အဝယ်ယူနစ် ထည့်သွင်းပါ။
၃) ဈေးနှုန်း ထည့်သွင်းပါ။

*ကုန်ကြမ်းအမည် နမူနာ နှိုင်ယှဉ်ကြည့်ခြင်း

နမူနာ ၁) ဖြစ်သလိုအမည်ပေးခြင်း
ချမ်းမြေ့ဈေး ဆူနာ နေကြာဆီ ၅လီတာ = 50000
မြစ်သား ၅ ပိသာ လသာဈေး ကြက်သွန်နီ = 5000

နမူနာ ၂) ပုံစံကျအမည်ပေးခြင်း
နေကြာဆီ (၅ လီတာ) (ဆူနာ) − ချမ်းမြေ့ဈေး = 50000
ကြက်သွန်နီ (တရုတ်) (၁၀ ပိသာအိတ်) (မြစ်သား) − လသာဈေး = 5000

*နမူနာ ၂) က ပိုသင့်တော်သည်ကို တွေ့ရပါမည်။

 

*ကုန်ကြမ်းအမည်အကြံပြုခြင်း
(အမျိုးအစား) + (အသေးစိတ်) + (အရွယ်အစား) + (ဘရမ်း) + (ရနိုင်သောနေရာ)

(သို့)

(ကုဒ်နံပါတ်)

မှတ်ချက် ၁) အကယ်၍ သင့်ဆိုင် ကုန်ကြမ်းများတယ်ဆိုရင် အကြံပြု Format ကို သုံးပါ။
မှတ်ချက် ၂) အကယ်၍ သင့်ဆိုင် (franchising) ကုန်ကြမ်း လျှို့ဝှက်ထားချင်တယ်ဆိုရင် Code နံပါတ်ကိုပဲ သုံးပါ။

 

*Food Cost App အကူအညီ

fcsupport.myanmenu.com ကို ဆက်သွယ်ပါ။

Previus Post
ငွေတောင်းစာရွက် (Bill or Invoice)
Next Post
Food Cost App အမေးများသော မေးဖြေများ (FAQs)