
ငွေလက်ခံစာရွက် (Receipt or Paid)
အသုံးပြုပုံ (how to)
************
ဧည့်သည်၏ ငွေပေးချေမှုတွင် ငွေလက်ခံရရှိကြောင်းအတည်ပြုသည့်အနေဖြင့် ပြန်ပေးရသော ငွေလက်ခံစာရွက်ဖြစ်ပါသည်။
မှတ်ချက်။ ။ မြန်မီနူး ဆော့ဖ်ဝဲတွင် အဆိုပါလုပ်ဆောင်ချက် ပါဝင်ပါသည်။ (သို့) ဆော့ဖ်ဝဲ အသုံးမပြုသေးဘူးဆိုလျှင် လက်ရေးဘောင်ချာတွင် ပုံပါအချက်များကို ကိုးကားထည့်သွင်းဆောင်ရွက်နိုင်ပါသည်။
အကျိုးကျေးဇူး (Benefit)
************
မြန်မီနူးငွေလက်ခံစာ ထုတ်ပေးခြင်းတွင်_
လွယ်ကူ၊ လျှင်မြန်၊ တိကျစေခြင်း၊
ဆိုင်ဝင်ငွေတွက်ချက်ပေးခြင်း၊
ငွေလက်ခံမှုတွင် ဆိုင်ရှင်ဖုန်း apk သို့ အကြောင်းကြားစာ (noti) ပို့ပေးနိုင်ခြင်း၊
တို့ဖြစ်ပါသည်။
မြန်မီနူးအကြံပြု (Recommendation)
************
၁) ငွေလက်ခံဖြတ်ပိုင်း ဘာကြောင့်ပေးသင့်တာလဲ?
၂) ဘယ်သူကို ပေးသင့်တာလဲ?
၃) ဆော့ဖ်ဝဲက ဘာဆက်လုပ်မလဲ?
အဖြေ ၁) ငွေလက်ခံဖြတ်ပိုင်း ဘာကြောင့်ပေးသင့်တာလဲ?
ငွေလက်ခံဖြတ်ပိုင်း ထုတ်ပေးသင့်သော အကြောင်းပြချက်များမှာ
>အဲ့ဆိုင်မှာ ငါ့ကို ဘယ်လောက်တောင် ရှင်းခဲ့ရတာလဲ၊ ဧည့်သည်၏ ဇဝေဇဝါ နှင့် သံသယဖြစ်မှုကို ကာကွယ်နိုင်ခြင်း၊
>ပစ္စည်းနှစ်ခုဝယ်တယ်၊ ပြီးတော့ထပ်ဝယ်တယ်၊ ဘယ်ဟာရှင်းပြီး မရှင်းရသေးကို ငွေလက်ခံဖြတ်ပိုင်းနှင့် အတည်ပြုနိုင်ခြင်း၊
>ငွေကိုင်၏ ငွေရရှိမှုကို အတည်ပြုနိုင်ခြင်း၊
တို့ ဖြစ်ပါသည်။
အဖြေ ၂) ဘယ်သူကို ပေးသင့်တာလဲ?
ငွေရှင်းနည်းသည် များသည် မခွဲခြားပဲ အားလုံးကို ပေးသင့်ပါသည်။ မဟုတ်လျှင် တူညီသောဧည့်သည်အချင်းချင်းကို ခွဲခြားဆက်ဆံသလို ဖြစ်စေတတ်ပါသည်။
အဖြေ ၃) ဆော့ဖ်ဝဲက ဘာဆက်လုပ်မလဲ?
ဆောဖ့်ဝဲအတွင်း အရောင်းငွေဝင်မှသာ အဆိုပါငွေတောင်းစာ ပရင့်ထုတ်ခြင်းကို လုပ်ဆောင်နိုင်ပါသည်။
>ငွေလက်ခံနံပါတ် B000165
>နေ့စွဲ 24.10.2021
>အချိန် 20:50
>ချေမှုငွေ
>ပြန်အမ်းငွေ
စသည့်အချက်များသည် ငွေလက်ခံဖြတ်ပိုင်းကို အတုမရှိ အစစ်အမှန် (Verification) ဖြစ်စေပါသည်။