
တစ်နေ့တာအကျဉ်းချုပ်စာရွက် (Day-End Summary Paper)
အသုံးပြုပုံ (how to)
************
အဆိုပါ အစီရင်ခံစာ စာရွက်ကို ငွေကိုင်စက်မှ ထုတ်ယူရရှိပါသည်။ တစ်နေ့တာငွေလက်ခံရရှိမှု အလုံးစုံ ပါဝင်ပါသည်။
ငွေကိုင်သူအနေဖြင့်.. တစ်နေ့တာ အရောင်းများ ပင်ပင်ပန်းပန်းလုပ်ကိုင်ပြီးနောက် ဂဏာန်းပေါင်းစက်ကိုင်ပြီး Manual စာရင်းတိုက်ဖို့ဆိုတာ နေ့တိုင်းအတွက်ဆိုရင် ဝန်ထုတ်ဝန်ပိုးကြီးပါ။
မြန်မီနူးဆော့ဖ်ဝဲကို အသုံးပြုပြီး အဆိုပါအလုပ်ကို ကလစ်တစ်ချက်ဖြစ် ပြီးစီးစေလိုက်ပါ။ အမှားအယွင်းကင်းစင်သလို၊ အလုပ်လုပ်ရလည်း အလွန်လွယ်ကူစေမှာပါ။
အကျိုးကျေးဇူး (Benefit)
************
အဆိုပါ အစီရင်ခံစာတွင် ပါဝင်သော အချက်အလက်များမှာ_
၁) တစ်နေ့တာ စားဖွယ်အမည်၊ နှင့် အရေအတွက်
၂) တစ်နေ့တာ ဒစ်စကောင့် (စားဖွယ်အပေါ်)
၃) တစ်နေ့တာ ဒစ်စကောင့် (ကျသင့်အပေါ်)
၄) တစ်နေ့တာ ကောက်ခံအခွန်
၅) တစ်နေ့တာ ရရှိဝန်ဆောင်ခ/ပို့ဆောင်ခ
၆) တစ်နေ့တာ မည်မျှ နှင့် မည့်သို့ ငွေဝင်ပမာဏ (ငွေသား၊ ဘဏ်လွှဲ၊ မိုဘိုင်ပေး)
၇) တစ်နေ့တာ Food Deli ရရန်ရှိအကြွေးစာရင်း
၈) တစ်နေ့တာ အရောင်း နှင့် ငွေကိုင်အပ်ရမည့် ငွေသားပမာဏ
ငွေကိုင်မှ ဒီနေ့ ငွေဘယ်လောက်ရောင်းလိုက်ရသည်၊ လက်ထဲငွေဘယ်လောက်ရှိရမည်။ မန်နေဂျာ၊ (သို့) ပိုင်ရှင်ကို ငွေဘယ်လောက်အပ်ရမည်ကို ကလစ်တစ်ချက်နဲ့ သိစေမှာပါ။
ငွေကိုင်၊ ပိုင်ရှင်၊ မန်နေဂျာ စိတ်ချမ်းသာစေရမှာပါ။
မြန်မီနူးအကြံပြု (Recommendation)
************
ယခု စာရွက်သည် ဆိုင်၏ တစ်နေ့တာ ငွေဝင်မှု အနှစ်ချုပ်ဖြစ်ပါသည်။ အရေးကြီးပါသည်။ ငွေကိုင်မှ တစ်နေ့တာမကူးပဲ သက်ဆိုင်ရာမန်နေဂျာ၊ (သို့) ပိုင်ရှင်ထံသို့ ရောက်အောင် ပို့ပေးသင့်ပါသည်။
အကြောင်းကြောင်းကြောင့် စာရွက်မပေးနိုင်ဘူးဆိုလျှင် Viber (သို့) Messenger မှ ဓာတ်ပုံပို့သင့်သည်ဟု အကြံပြုပါသည်။